OPPO ဖုန်းတွေထဲမှာ အလန်းဆုံးမော်ဒယ်ဖြစ်တဲ့ Find X ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး RAM 10GB အထိ ပါတဲ့ မော်ဒယ်သစ် ထုတ်သွားတော့မှာပါ။
OPPO ဖုန်းတွေထဲမှာ အလန်းဆုံးမော်ဒယ်ဖြစ်တဲ့ Find X ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး RAM 10GB အထိ ပါတဲ့ မော်ဒယ်သစ် ထုတ်သွားတော့မှာပါ။ ကိုယ်ထည်ထဲ အသွင်းအထုတ်လုပ်နိုင်တဲ့ slider ကင်မရာစနစ်နဲ့ လာတဲ့ OPPO Find X ကို ဇူလိုင်လထဲ မိတ်ဆက်စဉ်က RAM 8GB အထိ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ မှန်ပြင်နေရာယူမှု ၉၃.၈% ရှိထားတဲ့ ဒီဖုန်းဟာ နောက်ထပ် RAM မြှင့်ပြီး ထွက်လာမယ်လို့ TENAA ပေါ်မှာ ဖော်ပြထားပါတယ်။ တရုတ်တယ်လီကွန်းထောက်ခံချက် အဖွဲ့ အစည်း TENAA ပေါ်မှာာ OPPO Find X သစ်ဟာ RAM 10GB/256GB storage သုံးတဲ့ ဗားရှင်းသစ် မိတ်ဆက်မယ်လို့ ဆိုပေမယ့် ကုမ္ပဏီကတော့ တရားဝင်ဖြန့် ချိမယ့်ရက် မကြေငြာသေးပါဘူး။ မော်ဒယ်သစ်မှာ 3645 mAh ဘက်ထရီနဲ့ ထွက်လာပြီး VOOC ပဲသုံးမလား ၊ Super VOOC နဲ့ ထွက်လာမလား မသိရသေးပါဘူး။ Super AMOLED display သုံး Find X ဟာ မျက်နှာပြင် ၆.၄ လက်မပါရှိပြီး Snapdragon 845 chipset ၊ RAM 8GB နဲ့ onboard storage ကို 256GB အထိ ထည့်သွင်းထားပါတယ်။ fingerprint မပါတော့တဲ့ ဒီဖုန်းဟာ 3D Face Scan နည်းပညာသစ်ကို ပြောင်းသုံးခဲ့တာပါ။ ကင်မရာဒီဇိုင်းက ဒီဖုန်းရဲ့ အထူးခြားဆုံး feature တွေထဲက တစ်ခု ဖြစ်ပါတယ်။...
Comments
Post a Comment