Posts

သီလရှင် အစ ”မယ်ကင်း”က

ရတနာပုံ ခေတ်က ဗန်းမော်ဆရာတော်ဘုရားကြီး နှင့် စာဆိုအပြိုင်၊ ရှမ်းကလေးကျွန်း ဆရာ တော်ဘုရား ၏ နှစ်မတော် ကသည်းအနွယ် သီလရှင် ဆရာကြီး မယ်ကင်း (ခေါ်) ဒေါ်ခေမာ ၏ ပုံစံတူရုပ်ထု မုံရွာ မှ စစ်ကိုင်းတောင်ရိုးသို့ သယ်ဆောင်ပုံ . .။ ”’သီလရှင်တို့၏အစ ပထမ ဦးစီးခေါင်ဆောင် တည်ထောင်သူ မိခင်ကြီး၏ ဘဝပုံရိပ်” ****************************************** မီးရှူ့သန့်စင် ဖွားမြင်တော်မူခြင်း ———————————– သီလရှင် သာသနာကို ဦးစီးအစတည်ထောင်သူဆရာကြီးမယ်ကင်းသည်။ အိန္ဒိယနိုင်ငံ မဏိပူရမြို့ ရှမ်းမျိုးရှမ်းနွယ် ကသည်းလူမျိုး မိဘနှစ်ပါးတို့မှ သက္ကရာဇ် ၁၁၆၇ ခုနှစ် တနင်္လာနေ့တွင် ဖွားမြင်သောသမီးရတနာဖြစ်သည်။ မွေးချင်းနှစ်ယောက်ရှိရာ အကြီးက နောင်အခါ မင်းအကိုးကွယ်ခံ ရှမ်းကလေးကျွန်းဆရာတော် ဦးနန္ဒဖြစ်ပြီး အငယ်က နောင်အခါ သီလရှင်သာသနာမှာ” ရှေ့သွားခေါင်းဆောင်စံပြဖြစ်လာသူ ” မင်း မိဖုရားမှစ၍ ဆွေတော်မျိုးတော်အားလုံးတို့၏ အထူးအပူဇော်ခံ အကြည်ညိုခံရသူဖြစ်ပြီး သီလရှင် ဆရာကြီး ဆရာလေးတို့၏ သာသနာ့မိခင်ကြီးအရာ၌ တည်ရှိသူ နာမည်ကျော် မယ်ခေမာ( ခ) မယ်ကင်းဖြစ်လာသည်။ မြန်မာပြည်သို့ ရောက်ခါစ ထိုစဉ်က မယ်ကင်းသည် ခြောက်နှစ်အရွယ်သာရှိသေး၏ ။ ...

OPPO ဖုန်းတွေထဲမှာ အလန်းဆုံးမော်ဒယ်ဖြစ်တဲ့ Find X ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး RAM 10GB အထိ ပါတဲ့ မော်ဒယ်သစ် ထုတ်သွားတော့မှာပါ။

OPPO ဖုန်းတွေထဲမှာ အလန်းဆုံးမော်ဒယ်ဖြစ်တဲ့ Find X ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး RAM 10GB အထိ ပါတဲ့ မော်ဒယ်သစ် ထုတ်သွားတော့မှာပါ။   ကိုယ်ထည်ထဲ အသွင်းအထုတ်လုပ်နိုင်တဲ့ slider ကင်မရာစနစ်နဲ့ လာတဲ့ OPPO Find X ကို ဇူလိုင်လထဲ မိတ်ဆက်စဉ်က RAM 8GB အထိ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ မှန်ပြင်နေရာယူမှု ၉၃.၈% ရှိထားတဲ့ ဒီဖုန်းဟာ နောက်ထပ် RAM မြှင့်ပြီး ထွက်လာမယ်လို့ TENAA ပေါ်မှာ ဖော်ပြထားပါတယ်။ တရုတ်တယ်လီကွန်းထောက်ခံချက် အဖွဲ့ အစည်း TENAA ပေါ်မှာာ OPPO Find X သစ်ဟာ RAM 10GB/256GB storage သုံးတဲ့ ဗားရှင်းသစ် မိတ်ဆက်မယ်လို့ ဆိုပေမယ့် ကုမ္ပဏီကတော့ တရားဝင်ဖြန့် ချိမယ့်ရက် မကြေငြာသေးပါဘူး။ မော်ဒယ်သစ်မှာ 3645 mAh ဘက်ထရီနဲ့ ထွက်လာပြီး VOOC ပဲသုံးမလား ၊ Super VOOC နဲ့ ထွက်လာမလား မသိရသေးပါဘူး။ Super AMOLED display သုံး Find X ဟာ မျက်နှာပြင် ၆.၄ လက်မပါရှိပြီး Snapdragon 845 chipset ၊ RAM 8GB နဲ့ onboard storage ကို 256GB အထိ ထည့်သွင်းထားပါတယ်။ fingerprint မပါတော့တဲ့ ဒီဖုန်းဟာ 3D Face Scan နည်းပညာသစ်ကို ပြောင်းသုံးခဲ့တာပါ။ ကင်မရာဒီဇိုင်းက ဒီဖုန်းရဲ့ အထူးခြားဆုံး feature တွေထဲက တစ်ခု ဖြစ်ပါတယ်။...